Friday, May 31, 2013

မျက်ရည်များနဲ့ နှုတ်ဆက်ခဲ့တဲ့ ညနေ(Poem)

တစ်ယောက်ထဲသွားရမဲ့လမ်း
ကြမ်းတယ်လို့ ဘယ်သူပြောလဲ
နှလုံးသားထဲမှာ သူ့အရိပ်လေး ပါလာတယ်
ပြာလဲ့လဲ့ လရောင်အောက်မှာ
ပြောခဲ့ဖူးတဲ့ စကားလေးတွေ
ထားခဲ့ကြတဲ့ ကတိတွေ
လေပြေသွဲ့သွဲ့နဲ့အတူ
ေ၀၀ါးခဲ့ပြီ. .
အတိတ်ရနံ့တွေ သင်းသင်းဖြာနေတဲ့
ဒီလမ်းလေးထဲမှာ
ဘယ်ဆီမှာလဲလို့ မတွေးတော့ပါဘူး
ဝေးလက်စနဲ့ ဝေးကြရအောင်ကွယ်။ ။

ပန်ဒါ
4/5/2013

No comments:

Post a Comment