Thursday, May 30, 2013

ကဗျာ(Poem)


အိမ်မက်ကလေး မက်သလို
တိမ်မျှင်စလေးလွင့်သလို
ကပိုကရိုသံစဉ်လေးနဲ့ညဟာ လှလွန်းတယ်
ပျော်ရွှင်ခဲ့ပါတယ်
လှိုက်ဖိုခဲ့ပါတယ်
ရှိုက်ငိုခဲ့ပါတယ်
ဝိရောဓိဖြစ်နေတဲ့ စိတ်ဟာ အရိပ်မလွတ်ဘူး
လက်ထဲဖမ်းဆုပ်ထားလို့ မရတဲ့ အရာ
တစ်သက်လုံး မေ့ပစ်လိုက်ဖို့ မဖြစ်တဲ့ကဗျာ
လေညင်းလေးဟာ လိပ်ပြာလိုလို
လေညင်းလေးဟာ အချစ်လိုလို
လေညင်းလေးဟာ ဘ၀လိုလို
စိုလက်စနှင်းပွင့်လေးခမျာ
သံသရာကို မကြောက်တော့ပါဘူးတဲ့
တိမ်းမူးဖွယ်။

ပန်ဒါ

No comments:

Post a Comment