Wednesday, May 29, 2013

"မသေချာခြင်းမှာ ငါ သေသေချာချာ"


လျောက်ခဲ့မိတဲ့ခရီး မိုင်တိုင်တစ်ဆစ်ချိုးမှာ
ဘဝတစ်ခုမဖြစ်ခဲ့တာတော့သေချာတယ်။
ညနေခင်းဟာ လေညှင်းရဲ့ပွတ်သတ်ကြည်စယ်မှုကိုငွတ်မွတ်နေတော့
အမှောင်ညဟာစောရောက်လာပေါ့
မိုးတွေကတော့ ရွာနေတာပါပဲ
ကောင်းကင်ကသာမသိခဲ့တာပါ
လေပြည်ကလည်းသွေးနေတာပါပဲ

ပန်းတွေကသာမသိခဲ့တာ
လမ်းဟောင်းလေးမှာ
ဒဏ်ရာအနာတရတွေနဲ့
ညဟာလည်း ပိုပြီးနက်မှောင်လာတော့
လရောင်ဟာ မြစ်ရေမှာပဲ သာခဲ့တယ်
ဘယ်မှာလဲကွယ်
ဖြတ်တိုက်သွားတာတောင်မသိလိုက်တဲ့ အရာ
အချစ်ရဲ့ ရနံ့ အလွမ်းငွေ့တွေက
နင့်နဲဆွေးမြေ့နေတဲ့ နှလုံးသားကို
အမှတ်မထင် ကြွေကျသွားစေခဲ့တယ်။

No comments:

Post a Comment