Friday, May 31, 2013

ကျေနပ်အရှုံး(Poem)


တစ်ကမ္ဘာစီမခြားသေးဘူး
ရင်ခုန်သံတွေမရပ်သေးဘူး
ဝတ်မှုန်ကူးခြင်းဟာ
ဘဝအတွက်ကာရန်မညီနိုင်ခဲ့သမျှ
အိပ်မက်တွေဝေးလွင့်သွားခဲ့ရတယ်။
အလွမ်းနှင်းတွေဘယ်တော့မှမစဲတော့အောင်ဝေ့ကာဝဲလို့
နှင်းတွေချန်ထားခဲ့တဲ့ခြေရာ
မျက်တောင်ဖျားမှာလဲ့ဖြာလို့
တိမ်ကိုနမ်းတဲ့တောင်ဆိုတာ
မှောင်လာမှာကိုမကြောက်တော့ပါဘူး
ငါတို့
ဝေးကွာကြဖို့ဂီတမှာ ကခုန်မိကြပေါ့။
နင့်သည်းဖိုလှိုက်စွာ
ကြေကွဲဝမ်းနည်းစွာ
လက်ပြလိုက်ပါရဲ့
နှုတ်ဆက်လိုက်ပါရဲ့
ချစ်ခဲ့သမျှ
တစ်ဘဝလုံးလှပါစေတော့။
ချစ်သူရေ
ပျော်ရွှင်ပါစေတော့။ ။



ပန်ဒါ

19/12/2012

No comments:

Post a Comment