Monday, June 3, 2013

ဆောင်းအိပ်မက်(Poem)


သတိရတတ်လွန်းတဲ့ နှင်းတွေ
ကမ္ဘာအစွန်းက ခုန်ချစပြူပြီ…
နှုတ်ဆက်သံလေးတောင် မကြားရ
နှုတ်ဆက်ပြုံးလေးတောင် မမြင်ရ
ညတွေဟာ….
ထင်ထားတာထက် ပိုပြီး နက်မှောင်လာတယ်။
သံယောဇဉ်ဆိုတာ
သုံးလွန်းတင်ထားတဲ့ ကြိုးတစ်ချောင်းလား
စကားပွင့်လေးတွေကို လွမ်းတာလည်း
တစ်နယ်တစ်ကျေးမှာ
သွေးအေးမေ့ပျောက် ခံရမယ့် ကဗျာ။
ထားရာနေ စေရာသွားနဲ့
ဒီကဗျာ
လက်ဆောင်အဖြစ်ပါး လိုက်ပါတယ်။


ပန်ဒါ

22 Oct 2012

No comments:

Post a Comment