Monday, June 3, 2013

သူ့အတွက်ခြုံလွှာ(Poem)

လက်ကလေးတွေအေးလို့
ပါးကလေးတွေအေးလို့
အချမ်းဒဏ်။
ဆံနွယ်လေးကိုဖွဖွထွေးပြီး
ကဗျာလေးတစ်ပုဒ်ရွတ်ပြမယ်။
မရယ်မောလိုက်ပါနဲ့
နွေးထွေးမှုဆိုတာ
နှလုံးသားကထွက်တဲ့
အက္ခရာ
ဘယ်ကမ္ဘာမှာဖြစ်ဖြစ်
စစ်မှန်တယ်။
အဖြူရောင်
ပန်းနုရောင်
ခရမ်းရောင်
အရောင်ဆိုတာ
ပညတ်ချက်ပါ
ခံစားမှုက
လရောင်ဝါဝါ
ဒီကဗျာလေး
သူ့အတွက်နွေးပါစေ။



ပန်ဒါ
22Nov 2012

No comments:

Post a Comment