Monday, June 3, 2013

လမ်းခွဲရာသီ(Poem)

အချစ်ဟာ အိမ်ပြန်တော့မယ်ဆိုရင်
အလွမ်းဟာ အရုဏ်ကို မြင်တော့တာပဲ။
ဝေးခဲ့ပြီ
ညှိတွယ်ခဲ့ဖူးလေသော သံယောဇဉ်
နှူးညံ့ခဲ့ဖူးလေသော ကဗျာ
ဝင်္ကပါမှာ
အမှတ်မထင် ဆုံခဲ့ကြတယ် ဆိုပါစို့။
ညို့တက်လာတဲ့ မိုးကို
မရွာပါနဲ့ မတားချင်တော့ဘူး
သံယောဇဉ်ဦးခမျာ
အဝေးကမ္ဘာ ဝတ်မှုံကူးခဲ့လေပြီမို့။ ။


ပန်ဒါ
31-10-2012

No comments:

Post a Comment