Monday, June 3, 2013

သူစိမ်းတစ်ယောက်ပေးတဲ့ကဗျာတစ်ပုဒ်(Poem)


မိုးကောင်းကင် ထီးတစ်ချောင်းအောက်
အတူနေကြရပေမယ့်
အဝေးကြီးဝေးကွာနေရတဲ့ ဘဝတွေ
ကံကြမ္မာလား
သံသယ အကျိုးဆက်လား
...

စကားတွေ အများကြီးပြောခဲ့သမျှ
ရထားတွေတစ်စီးမှ ဆိုက်ရောက်မလာခဲ့တာ။

နှလုံးသားကို
အထိတ်တလန့်ပြန်ကြည့်မိတော့အတိတ်ရနံ့တွေ စွတ်စွတ်စိုလို့။
အတူလျှောက်ခဲ့ဖူးတဲ့လမ်းကလေးရေ
ဆွေးတယ်။ ။



ပန်ဒါ
19-Sep-2012
1:27 PM

No comments:

Post a Comment