Wednesday, June 5, 2013

ရင်ရိပ်ရောင်(Poem)


လွမ်းတယ်လို့
ဘယ်သူ့ကိုအော်ပြောရမလဲ။

ညနေခင်းဟာလည်း
လရောင်ကိုခုထိဆွဲမခေါ်နိုင်သေးဘူး။

မမြင်ဖူးလို့
မူးကိုမြစ်ထင်ခဲ့တာမဟုတ်ပေမယ့်
ကြွေကျလာမယ့်ကံ့ကော်ပွင့်လေးကိုမျှော်ရင်း
စာသားမရှိသေးတဲ့သီချင်းမှာ
တယောသံဟာချွဲနွဲ့လွန်းတော့မယ်။



ပန်ဒါ

No comments:

Post a Comment